5BB BROADBAND ၏ အင်တာနက်အမြန်ဆုံးဆုနှင့်အတူ မြန်မာ့အင်တာနက်မြန်နှုန်း ကမ္ဘာ့အဆင့်သုံးဆင့် မြှင့်တက်

5BB BROADBAND ၏ အင်တာနက်အမြန်ဆုံးဆုနှင့်အတူ မြန်မာ့အင်တာနက်မြန်နှုန်း ကမ္ဘာ့အဆင့်သုံးဆင့် မြှင့်တက်

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ခုနှစ်။ မြန်မာနိုင်ငံအတွက် ကမ္ဘာ့အင်တနက်မြန်နှုန်း နိုင်ငံများစာရင်းတွင် အဆင့် သုံးဆင့် မြှင့်တက်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ယခင် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကမ္ဘာ့အင်တာနက်အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၂၁ ဆင့် (121th) ရှိပြီး ယခု ၂၀၂၀ ခုနှစ်တွင် 5BB Broadband ၏ အမြန်ဆုံးဆုတံဆိပ်နှင့်အတူ အဆင့် ၁၁၈ ဆင့် (118th) သို့ မြှင့်တက်လာခဲ့ခြင်းဖြစ်ပါ သည်။

ယခုလို မြန်မာနိုင်ငံအတွက် ပိုမိုမြင့်မားသော ကမ္ဘာ့အဆင့်အင်တာနက်မြန်နှုန်းသတ်မှတ်မှုများ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့မှုအပေါ် 5BB Broadband မှ မြန်မာနိုင်ငံအတွက် အထူးဝမ်းမြောက်မိပါကြောင်းနှင့် ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အင်တာနက်ဆက်သွယ်ရေးကဏ္ဍမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ကိုလည်း ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ် ဇူလိုင်လကုန်အထိ ကမ္ဘာ့အင်တာနက်အမြန်ဆုံးနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး Download Speed 213.18 Mbps တွင် ကမ္ဘာ့ပျမ်းမျှအင်တာနက်မှာ Download Speed 81.46 Mbps ဖြစ်ပြီး၊ မြန်မာ့အင်တာနက် Download Speed မှာ 57.97 Mpbs ဖြစ်ကြောင်းတွေ့ရှိရပါသည်။

Upload Speed တွင် စင်္ကာပူနိုင်ငံအနေဖြင့် 220.46 Mbps ကမ္ဘာ့ပျမ်းမျှအနေဖြင့် 42.63 Mpbs နှင့် မြန်မာ့အင်တာနက်မှာ 43.61 Mbps ဖြစ်ကြောင်းတွေ့ရှိရပါသည်။

စင်္ကာပူနိုင်ငံ၏ latency မှာ 13 ms ဖြစ်ပြီ:၊ ကမ္ဘာ့ပျမ်းမျှ မှာ 22 ms ဖြစ်ပြီး၊ မြန်မာ့အင်တာနက် latency မှာ 10 ms ဖြစ်ကြောင်း တွေ့ရှိရပါသည်။

“ဒီ မြန်မာ့အမြန်ဆန်ဆုံး ISP Network ဆုဟာ ကျွန်တော်တို့ 5BB Broadband (Global Technology) ရဲ့ ပိုမိုကျယ်ပြန့်ပြီး မြန်ဆန်တဲ့ အမြန်နှုန်းကတစ်ဆင့် အနာဂတ်မှာ အမြန်ဆုံးနှုန်းကို ဝန်ဆောင်မှုပေးနိုင်ဖို့ ရင်းနှီးမြှပ်နှံမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပိုပြီးအုတ်မြစ်ခိုင်မာစေပါတယ်။ ကျွန်တော်တို့ ကွန်ရက်ဟာ အသုံးပြုသူကွန်ရက်နဲ့ စီးပွားရေး အင်တာနက် အသုံးပြုသူတွေ အတွက်အကောင်းဆုံး သာမက ကျွန်တော်တို့တစ်နိုင်ငံလုံးရဲ့ အဓိကဆက်သွယ်ရေး ကွန်ရက်ဖြစ်တဲ့ 4GLTE နှင့် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း ကွန်ရက်များအတွက်ပါ နောက်ဘက်မှ မားမားမတ်မတ် ရပ်တည်ကာ အကောင်းမွန်ဆုံး ကွန်ရက်တစ်ခုအဖြစ် ပံ့ပိုးပေးနေပါတယ်။ ကျွန်တော်တို့ဟာ အိမ်သုံးအင်တာနက်နဲ့ စီးပွားရေးလုပ်ငန်းသုံး အင်တာနက် နှစ်ခုလုံးအတွက် သီးသန့် ၁၀၀% fiber optics များကို ပေးစွမ်းနိုင်တဲ့ ဈေးကွက်၏ ရှေ့ဆောင် လမ်းပြတွေဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် ဒီကပ်ရောဂါကာလအတွင်း 5BB Network ပေါ်မှ work from home, remote learning အစရှိတဲ့ လုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ မြန်မာပြည်သူများအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ၊ တစ်ဦးနှင့်တစ်ဦး အစဉ်အမြဲချိတ်ဆက်နိုင်မယ့် အကောင်းဆုံးကွန်ယက်အာမခံချက်ကို ဒီအောင်မြင်မှုနဲ့အတူ ကျွန်တော်တို့ဟာ အကောင်းဆုံး အင်တာနက်အရည်အသွေးနဲ့ အမြန်နှုန်းစွမ်းဆောင်ရည်ကိုသက်သေပြခဲ့ပါပြီ။ Global Ranking မှာ အဆင့် ၃ ဆင့်တိုးနိုင်ခဲ့ပြီး ကျွန်တော်တို့ မြန်မာပညာရှင်များဟာ တကယ်လုပ်ရင်တကယ်ဖြစ်တယ်ဆိုတာ သက်သေထူနိုင်ခဲ့တဲ့အတွက် အထူးဝမ်းသာဂုဏ်ယူမိပါတယ်။” ဟု Global Technology Group ၏ chairman နှင့် co-founder ဖြစ်သူ ဦးရှိန်းသူအောင်က ပြောကြားသည်။

“မြန်မာနိုင်ငံ Broadband ဝန်ဆောင်မှုလုပ်ငန်းတွေကို ပထမဦးဆုံးအကြိမ်အဖြစ် end-to-end ကွန်ရက် အရည်အသွေး စမ်းသပ်တာဖြစ်ပြီး အသိအမှတ်ပြုခံရလို့ အရမ်းကျေနပ်အားရမိပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မတူညီတဲ့ သုံးစွဲသူတွေ အတွက် အကောင်းဆုံး အသုံးပြုမှုအတွေ့အကြုံတွေ ပေးချင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီပါတယ်။ ကျွန်တော်တို့သည် သုံးစွဲသူအတွေ့အကြုံများကို အခြေခံ၍ မတူကွဲပြားတဲ့ အရည်အသွေးမှီ ဝန်ဆောင်မှုများအား မြှင့်တင်ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သလို၊ မြန်မာနိုင်ငံ၏အင်တာနက် Eco စနစ်အတွက် စျေးကွက်တွင်ရှိနေသော နှုန်းထားထက် အဆ ၃၀ စျေးနှုန်းလျှော့ချပြီး အများသုံးစွဲတတ်နိုင်မယ့် စျေးနှုန်းများအား ဖော်ဆောင် ပေးခဲ့တဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကွန်ရက်တွေ ဆက်လက် တည်ဆောက်ဖို့နဲ့ တိုးချဲ့ဖို့ကို စိတ်ပိုင်းဖြတ်ထားတဲ့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံ အုတ်မြစ်ခိုင်မာတဲ့ နည်းပညာတွေအပြင် ယုံကြည်စိတ်ချရမှု၊ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေ ထက်သာလွန်တဲ့ အမြန်နှုန်း နဲ့ဝန်ဆောင်မှုတွေကို ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ကမ္ဘာ့အင်တာနက်မြန်နှုန်းအဆင့် ကို မနှစ်ကထက် သုံးဆင့်တိတိ မြှင့်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု Global Technology Group မှ CEO and Co-Founder ဖြစ်သော ဦးသိန်းသန်းတိုးကပြောကြားသည်။

“အရင်ကမကြုံတွေ့ဖူးတဲ့ အခြေအနေတွေကြုံလာရချိန်မှာ မြန်မာအိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ အင်တာနက်ကွန်ရက်တွေပေါ်မှာ အလွန်မှီခိုနေရပါတယ်။ အဝေးမှ အလုပ်လုပ်ခြင်းနဲ့သင်ယူခြင်း၊ မိမိတို့ ချစ်မြတ်နိုးရသူများ နှင့်ဆက်သွယ်ခြင်း ဒါမှမဟုတ် အရေးကြီးတဲ့သတင်း အချက်အလက်များကိုရယူခြင်းအထိ မြန်မာပြည်သူတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအရင်းအမြစ်များနဲ့ အဆက်မပြတ် ဆက်သွယ်မှုပေးသော ကုမ္ပဏီအဖြစ်အသိအမှတ်ပြုခံရတာကို ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူပါတယ်။ မြန်မာ့အင်တာနက် ranking ကိုလည်း ကမ္ဘာ့ အဆင့် သုံးဆင့်ထိတိုးမြှင့်အောင် ပြုလုပ်ပေးနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်”ဟု Global Technology Group ၏ Managing Director နှင့် Co-Founder ဖြစ်သော ဦးမင်းဆွေလှိုင်က ပြောကြားခဲ့ပါသည်။

ခေတ်မီနည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် Global Technology Group သည် ၂၀၀၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အင်တာနက် ၀န်ဆောင်မှုများ အတွက်အရှိန်အဟုန်မြင့်စွာစတင်ခဲ့သည်။ ဒီဂျစ်တယ် ဆက်သွယ်မှုကို တိုးမြှင့်ခြင်း အားဖြင့်မြန်မာပြည်သူတို့၏ဘဝကိုစဉ်ဆက်မပြတ်ကူညီပေးလျက်ရှိသည်။

Share On

    Warning: Array to string conversion in /www/wwwroot/globaltechgroup.com.mm/wp-content/themes/gtg/functions.php on line 191
    Array