MYANMAR EMPLOYER AWARDS 2020 FOR GLOBAL TECHNOLOGY GROUP

MYANMAR EMPLOYER AWARDS 2020 FOR GLOBAL TECHNOLOGY GROUP

Myanmar_Employer_Awards 2020 အခမ်းအနားကြီးကို Vitual Awards Presentation ဖြင့် ၂၀၂၀ ဒီဇင်ဘာ (၁၁) ရက်တွင် ကျင်းပခဲ့ရာ ပြည်တွင်းနှင့် နိုင်ငံတကာအခြေပြု စီးပွားရေးကုမ္ပဏီလုပ်ငန်းကြီးများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး #GLOBAL_TECHNOLOGY_GROUP မှ

  • ? 2020 Best Learning and Development Program – Gold Award
  • ? 2020 Most Innovative Use of Technology in HR – Gold Award
  • ?2020 Most Effective Recruitment Strategy for Talent Attraction – Silver Award
  • ?2020 Best Use of Internal Marketing for Company Pride – Silver Award
  • ?2020 Best CSR and Community Engagement – Bronze Award

စုစုပေါင်း (၅) ဆုအား ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆွတ်ခူးရရှိခဲ့ပါတယ်။


?? ယခုလို ဆုတံဆိပ်များစွာရရှိခဲ့ခြင်းသည် ကုမ္ပဏီအတွင်း ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးတက်အောင်၊ Motivation ရှိလာအောင် Internal Marketing များပြုလုပ်ပေးခြင်း၊ ဝန်ထမ်းများအတွက် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဘို့ လေ့လာသင်ယူနိုင်တဲ့ အစီအစဥ်နဲ့ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးထားမှု၊ အလွှာပေါင်းစုံ၊ ယဥ်ကျေးမှုပေါင်းစုံ အတူတကွ ပျော်ရွှင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းခွင်ကောင်းတွေ ဖန်တီးထားမှု၊ လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဘို့အတွက် ခေတ်မီ နည်းပညာအသုံးပြုပြီး တစိုက်မက်မက်ဆောင်ရွက်မှု စတဲ့ ကုမ္ပဏီရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ထိုက်တန်စွာရရှိခဲ့တယ်လို့ ယုံကြည်မိပါတယ်။


#Global_Technology_Group အောက်မှာရှိတဲ့ အသီးသီးသော စီးပွားရေး လုပ်ငန်းစုများရဲ့ ဝန်ဆောင်မှုများကို ယုံကြည် စိတ်ချစွာနဲ့ သုံးစွဲနေကြတဲ့ အသုံးပြုသူများကို အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဘို့ မိမိတို့ရဲ့ ဝန်ထမ်းများကို အရည်အသွေး ပြည့်ဝ တဲ့ ဝန်ထမ်းများဖြစ်အောင် အစဥ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိရာမှာ ယခုရရှိခဲ့တဲ့ဆုများဟာ ရှေ့ဆက်လျောက်လှမ်းရမယ့် လမ်းအတွက် အားတစ်ခု ဖြစ်စေပါတယ်။


? ကုမ္ပဏီအနေနဲ့ ယခုရရှိခဲ့ တဲ့ဆုတံဆိပ်များနှင့် ကျေနပ်အားရ ရပ်တန့်နေမှာ မဟုတ်ဘဲ ရှေ့ဆက်ပြီး နောက်ထပ်အောင်မြင်မှုများ ဆက်လက် ရရှိပြီး အကောင်းဆုံးသော ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်ဘို့ ဝန်ထမ်းများမှ စိတ်ဓါတ်ခွန်အားအပြည့်ဖြင့် အဆင်သင့် ရှိနေကြပြီဖြစ်ပါတယ်။

  • #2020 Best Learning and Development Program
  • #2020 Most Innovative Use of Technology in HR
  • #2020 Most Effective Recruitment Strategy for Talent Attraction
  • #2020 Best Use of Internal Marketing for Company Pride
  • #2020 Best CSR and Community Engagement
Share On

    Warning: Array to string conversion in /www/wwwroot/globaltechgroup.com.mm/wp-content/themes/gtg/functions.php on line 191
    Array