ကမ္ဘာကျော် FACEBOOK CONNECTIVITY နှင့် 5BB ပူးပေါင်း၍ လျင်မြန်ဆန်းသစ်သော မြန်နှုန်းမြှင့် EXPRESS WI-FI အခမဲ့ ဝန်ဆောင်မှုများစတင်မည်

ကမ္ဘာကျော် FACEBOOK CONNECTIVITY နှင့် 5BB ပူးပေါင်း၍ လျင်မြန်ဆန်းသစ်သော မြန်နှုန်းမြှင့် EXPRESS WI-FI အခမဲ့ ဝန်ဆောင်မှုများစတင်မည်

5BB Broadband သည် Facebook Connectivity ၏ Express Wi-Fi Platform နှင့် ပူးပေါင်း၍ မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော အခမဲ့ Wi-Fi အင်တာနက်အား မြန်မာပြည်သူပြည်သားများထံသို့ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

ရန်ကုန်၊ မြန်မာ၊ ဒီဇင်ဘာလ (၁၆) ရက် ၂၀၂၀ ခုနှစ် ။ ။ မြန်မာ့အမြန်ဆုံးအင်တာနက်ဆုတံဆိပ်ရ 5BB Broadband သည် ယခုအခါ Facebook Connectivity နှင့် ချိတ်ဆက်၍ နောက်ဆုံးပေါ်ဆက်သွယ်ရေး နည်းပညာများကို အသုံးပြု၍ အင်တာနက်သုံးစွဲသူပြည်သူများ ကြုံတွေ့နေရသည့် အင်တာနက်ချိတ်ဆက်မှု အခက်အခဲ၊ အတားအဆီးများကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ 5BB Broadband နှင့် Facebook Connectivity တို့ ချိတ်ဆက်၍ Facebook Connectivity’s Express Wi-Fi Platform ကို အသုံးပြုကာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အင်တာနက်သုံးစွဲသူများထံ မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော အခမဲ့ Wi-Fi ဝန်ဆောင်မှုကို ဆောင်ကြည်းပေးနိုင်မည်ဖြစ်သည်။ ယခုဝန်ဆောင်မှုအသစ်၏ ရည်ရွယ်ချက်မှာ အင်တာနက်ဆိုင်ရာ အခြေခံအဆောက်အဦး လိုအပ်ချက်များနှင့် စျေးနှုန်းမြင့်မားခြင်းကြောင့် အင်တာနက် အသုံးမပြုနိုင်သေးသော နေရာဒေသများသို့ အရည်အသွေးမြင့် အင်တာနက်ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများထံသို့ မြန်နှုန်းမြင့် Express Wi-Fi ဝန်ဆောင်မှုကို အရောက်ပို့ဆောင်ပေးခြင်းဖြင့်၊ အသုံးပြုသူများအတွက် မြန်ဆန်၊ သက်သာ ယုံကြည် စိတ်ချရသော Wi-Fi ဝန်ဆောင်မှုကို ရရှိနိုင်မည့်အပြင် 5BB Broadband ၏ ရည်မှန်းချက် ဖြစ်သော “ပညာရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အစရှိသည့် ကဏ္ဍများအတွက် အခမဲ့ အင်တာနက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးနိုင်ရေး” ကိုလည်း အကောင်အထည်ဖော်ရာ ရောက်မည်ဖြစ်သည်။

Connectivity (တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်နိုင်မှု) သည် Facebook ၏ အဓိက “ရည်မှန်းချက်” ဖြစ်သည်နှင့်အညီ “ကမ္ဘာတစ်ဝှမ်းလုံးရှိ လူများကိုပို၍နီးကပ်လာစေရန်” အတွက် ဆောင်ရွက်ပေးရန် ဖြစ်သည်။ အရည်အသွေးမြင့်မားသော အင်တာနက်ဆက်သွယ်မှုသည် လူသားတို့၏ စကားသံကို ဒေသတွင်းရှိ အရွယ်အစားအမျိုးမျိုးသော လူမှုအဖွဲ့အစည်းများသာမက ကမ္ဘာအနှံ့ရှိ စီးပွားရေး အသိုက်အမြုံ ထိသည့်တိုင်အောင် ကြားသိနိုင်အောင် ချိတ်ဆက်ပေးနိုင်သည့် တစ်ခုတည်းသော အခွင့်အလမ်းကို ဖော်ဆောင် ပေးသည်။ ထိုမျှမက အခွင့်အလမ်းများစွာကို ဖောင်ဆောင်ပေးနိုင်မည့် သတင်းအချက်အလက်နှင့် ဗဟုသုတများကိုလည်း မျှဝေပေးနိုင်မည်ဖြစ်သည်။

Facebook Express Wi-Fi နှင့် ၊ 5BB Broadband ၏ ပူးပေါင်းမှုသည် ပိုမိုတည်ငြိမ်ပြီး တိုးချဲ့ရန် လွယ်ကူသည့် အင်တာနက်ကွန်ယက်များမှတဆင့် မြန်မာတပြည်လုံးရှိ မြို့ကြီးများတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုပူးပေါင်းဆောင်ရွက်မှုသည် 5BB Broadband နှင့် လက်တွဲဆောင်ရွက်လိုသော ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းစေမှာဖြစ်သည်။ 5BB Broadband ကို တည်ထောင်ခဲ့သူများ၏ ပြောကြားချက်အရ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ သာမက၊ ပြည်တွင်းရှိ IT ကျွမ်းကျင်သူများ၊ လူငယ်များနှင့် လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အကျိုးရှိစေမှာ ဖြစ်ကြောင်းသိရသည်။

Facebook ရဲ့ Head of Connectivity and Access Policy (APAC) တာဝန်ရှိသူ Tom Chottayil Varghese မှ ပြောကြားရာတွင် စျေးနှုန်းသက်သာပြီး၊ အရည်အသွေးမြင့်အင်တာနက် ရယူချိတ်ဆက်နိုင်ရေး သည် အဓိကလိုအပ်ချက်တစ်ခု ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍပေါင်းစုံတို့အတွက် မရှိမဖြစ် သော လိုအပ်ချက်ဖြစ်ပါသည်။ Facebook ရဲ့ Express Wi-Fi နည်းပညာနဲ့ 5BB Broadband ပူးပေါင်းမှုဟာ သုံးစွဲသူပြည်သူများအတွက် အင်တာနက်ဆက်သွယ်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး အကျိုးအမြတ်အများကြီး ရစေမှာပါ။ ရှေ့ဆက်ပြီးတော့လည်း 5BB Broadband နှင့်အတူ မြန်ဆန်ပြီး အကောင်းဆုံးဖြစ်တဲ့ နည်းပညာတွေနဲ့ မြန်မာ့လူမှုအဖွဲ့အစည်းအသီးသီးအတွက် အကျိုးရှိစေမယ့် အစီအစဉ်များကိုလည်း လုပ်ဆောင်သွားပါမယ်” လို့ ဒီနေရာက ပြောကြားလိုက်ပါတယ်။

5BB Broadband ၏ Co-founder & CEO ဖြစ်သူ ဦးသိန်းသန်းတိုးက “ကျွန်တော်တို့ရဲ့ Carrier-grade Wi-Fi ကို အသုံးပြုခြင်းဖြင့် Digital Divide ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာ အသုံးမပြုနိုင်ခြင်းကြောင့် လူမှုအဆင့်အတန်း ကွဲပြားခြားနားမှု ရှိနေသည်များကို အဆုံးသတ်သွားစေမှာဖြစ်ပြီး မြန်မာ့ဒေသအသီးသီးက သုံးစွဲသူပြည်သူများအတွက် ပိုမိုနီးကပ်သွားစေမှာ ဖြစ်တယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ Vision မျှော်မှန်းချက်တစ်ခုဖြစ်တဲ့ အင်တာနက်အသုံးပြုသူတွေ အားလုံး အခမဲ့ အသုံးပြုနိုင်စေဖို့ပဲ ဖြစ်ပါတယ်။ အခုစတင်ချိတ်ဆက်တော့မည့် “5BB Broadband Express Wi-Fi by Facebook Connectivity” သည်လည်း မြန်မာပြည်အတွင်းရှိ အသုံးပြုသူများကို ကောင်းမွန် လျင်မြန်တဲ့ ဆက်သွယ်မှုများ ရရှိအောင် လုပ်ဆောင်ပေး မှာ ဖြစ်ပါတယ်။ ဒါတွင်မကဘဲ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုများကို လူနေသိပ်သည်းတဲ့ မြို့ပြများရော၊ ဆင်ခြေဖုံးများ အထိ ပေးစွမ်းနိုင်အောင် အစွမ်းကုန်ကြိုးစားဖန်တီးနေပါတယ်။ ဒါ့ကြောင့် အင်တာနက် အခြေခံအဆောက်အအုံ ကောင်းစွာမရှိသေးလို့၊ အရည်အသွေး ပြည့်မှီတဲ့ အင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုခွင့် မရရှိနိုင် သေးတဲ့ ၊ ဆက်သွယ်ရေး ခက်ခဲနေသေးတဲ့ မြို့ပြနဲ့ ဆင်ခြေဖုံးတွေမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများကို ယခုလို ကမ္ဘာ့အဆင့်မှီ နည်းပညာကို အသုံးပြုပြီး ၊ ဖြေရှင်း ပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောကြား ပါသည်။

5BB Broadband Co-founder & Chairman ဦးရှိန်းသူအောင် ကလည်း “Facebook နဲ့ 5BB Broadband ပူးပေါင်းဆောင်ရွက်မှုကြောင့် ကမ္ဘာ့နောက်ဆုံးပေါ် အင်တာနက် နည်းပညာတွေ မြန်မာပြည်ကို ရောက်ရှိလာတော့မှာပါ။ ကျွန်တော်တို့ရဲ့ Vision (မျှော်မှန်းချက်) က Fortune 500 စာရင်းဝင် ကုမ္ပဏီကြီးများရဲ့ Computing Power ကို မြန်မာနိုင်ငံက ကော်ဖီဆိုင်လိုမျိုးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဆီအထိ ရောက်အောင် ပြုလုပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ လူတွေ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ရလွယ်ကူပြီး ပိုပြီးနီးစပ်မှု ရှိလာစေဖို့က ကျွန်တော်တို့ရဲ့အပြင်းပြဆုံး ဆန္ဒဖြစ်တာကြောင့် ဘာတွေပဲဖြစ်နေဖြစ်နေ အဲ့ဒီလိုကောင်းမွန်တဲ့ အခြေအနေမျိုးရအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားပါသည်။

5BB Broadband Co-founder နှင့် Managing Director ဦးမင်းဆွေလှိုင် ကလည်း “5BB Broadband နဲ့ Facebook တို့၏ နည်းပညာ ပူးပေါင်းမှု ရလဒ်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ကောင်းစွာ ချိတ်ဆက်ပေးနိုင်တော့မှာပါ။ ဒီလို နည်းပညာအသစ်စက်စက်ကို အသုံးပြုနိုင်လို့လည်း ကျွန်တော်တို့ အရမ်းဂုဏ်ယူပါတယ်။ မြန်မာပြည်သူတွေအတွက်ရော ကျွန်တော်တို့ ကုမ္ပဏီအတွက်ပါ အထင်ကရ မှတ်တိုင်တစ်ခု ကို စိုက်ထူနိုင်လိုက်ပါပြီ” ဟု ပြောကြားခဲ့သည်။

5BB Broadband ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၊ အင်တာနက်ဖိုင်ဘာ နှင့် 4G/LTE နည်းပညာ ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံး FTTH (Fiber to the home) ဝန်ဆောင်မှုကို နိုင်ငံတစ်ဝှမ်းရှိ (၁.၂)သန်းသော အိမ်ထောင်စုများမှ (၆)သန်းသော သုံးစွဲသူများထံသို့ အရောက်ပို့ပေးလျက်ရှိပါသည်။ ယုံကြည်စိတ်ချရပြီး၊ လိုင်းအတက်အကျအနည်းဆုံးနဲ့၊ အမြန်ဆုံးဝန်ဆောင်မှု မျိုးဖြစ်ပြီး ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ပြည် ၊ မော်လမြိုင် အစရှိသော စီးပွားရေး အချက်အချာကျသည့် မြို့ကြီးများ၌ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ 4G/LTE ကွန်ယက်သည် မော်လမြိုင် ၊ ပဲခူး ၊ ပြည် ၊ ဘားအံ နှင့် မကွေး စသော မြို့များ၌ အသုံးပြုနိုင်ပြီး အိမ်ထောင်စု (၅) သန်း မှ လူဦးရေ စုစုပေါင်း (၂၅) သန်း ကို ဝန်ဆောင်မှုပေးနေပါသည်။

5BB Broadband သည် မြန်မာနိုင်ငံစျေးကွက်ကို ဦးဆောင်နေသည့် Broadband ဝန်ဆောင်မှုဖြစ်သည့် အားလျော်စွာ၊ ပြည်တွင်းရှိ စီးပွားရေးအချက်အချာကျသော မြို့အသီးသီး၌ သတင်းအချက်အလက် ကွန်ယက်များနှင့် အင်တာနက် အခြေခံအဆောက်အဦများကိုလည်း အခိုင်အမာ ဖြန့်ကျက် တည်ဆောက် ထားပြီးဖြစ်သည်။ ထိုမျှမက ပြည်ပနိုင်ငံ (၄) နိုင်ငံ ၌လည်း ရုံးခွဲပေါင်း (၁၁) ရုံး ဖွင့်လှစ်ထားပြီးဖြစ်သည်။ 5BB ၏ ထူးခြားသော အားသာချက်များဖြစ်သည့် ပြည်တွင်းရှိ ဒေသအသီးသီး၌ သုံးစွဲသူများအတွက် လျင်မြန်လွယ်ကူ စေရန် ဖွင့်လှစ်ပေးထားသည့် ဌာနပေါင်းများစွာ နှင့် ငွေကြေးပေးဆောင်ရန် နည်းစနစ်များစွာတို့ကို အသုံးပြု၍ မိမိတို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ဝန်ဆောင်မှု လုပ်ငန်း၏ တန်ဖိုးနှင့် အရည်အသွေးကို မြှင့်တင် ပေးနိုင်မည့် အခွင့်အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်ရုံ သာမက ၊ သုံးစွဲသူများအတွက်လည်း ထူးခြားသော အတွေ့အကြုံသစ်များကို ပေးစွမ်းသွားနိုင်မည်ဖြစ်သည်။

Facebook Connectivity အကြောင်း


လူတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်နိုင်မှုသည် Facebook ၏ အထူးတာဝန်တစ်ရပ်ဖြစ်သာ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူများကို ပို၍နီးစပ်စေရမည်ဟူသော Mission ၏ အဓိကသော့ချက်ပင်ဖြစ်သည်။ ဤအထူး တာဝန်ကို အကောင်အထည်ဖော်ရာ၌ အချက်အချာအကျဆုံးမှာ အရည်အသွေးမြင့်မားသည့် အင်တာနက် ဆက်သွယ်နိုင်မှုဖြစ်ပြီး ထိုမှတဆင့် ပြည်သူတို့၏အသံကို အားလုံးထံရောက်ရှိစေပြီး ပြည်တွင်း ၊ ပြည်ပ စီးပွားဆက်သွယ်မှု လုပ်ငန်းများကို ပိုမိုခိုင်မာအားကောင်းလာစေရန် လိုအပ်သော သတင်း အချက်အလက်၊ ဗဟုသုတများစွာကို မျှဝေပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလှမ်းများစွာကို ဖော်ဆောင် ပေးသွားရန်ဖြစ်သည်။ Facebook Connectivity နှင့် လက်တွဲလုပ်ဆောင်နေသော လုပ်ငန်းများမှာ မိုဘိုင်း ကွန်ယက်ဝန်ဆောင်မှုပေးသူ များနှင့် ပစ္စည်းကိရိယာ တန်ဆာပလာ ထုတ်လုပ်သူများ သာမကဘဲ၊ Express Wi-fi, Magma နှင့် Terra graph တို့ အပါအဝင်ဖြစ်ပြီး သုံးစွဲသူများ နေရာမရွေးအသုံးပြုနိုင်ရေး၊ စျေးနှုန်းချိုသာရေးနှင့် အရည်အသွေးမြင့်အင်တာနက် ဝန်ဆောင်မှုအကြောင်းကို သတိပြုမိလာစေရေးတို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်။
အသေးစိတ် သိရှိလိုပါက https://connectivity.fb.com

Global Technology Group အကြောင်း


5BB Broadband သည် Global Technology ၏ နည်းပညာအမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ Global Technology Company သည် (၂၀၀၂ ခုနှစ်) တွင် စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံ၏ တယ်လီဖုန်း အင်တာနက် ဆက်သွယ်ရေး မီဒီယာနှင့် နည်းပညာ ရပ်ဝန်း (TMT) တွင် ထိပ်ဆုံးမှ ဦးဆောင်နေသော လုပ်ငန်းဖြစ်သည်။ အဆိုပါ TMT ဂေဟစနစ်တွင် Global Technology Company သည် အချက် အချာကျသော ကဏ္ဍမှ ပါဝင်လျက်ရှိပြီး ၊ အနာဂတ်တွင်လည်း အင်တာနက်နဲ့ ပတ်သက်၍ ခိုင်မာလှသော ပင်မကျော ရိုးသဖွယ် ဆက်လက်ရပ်တည်၍ လျင်မြန်သော ဝန်ဆောင်မှုများကို ပေးသွားဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်လောကတွင် ဦးဆောင်လုပ်ငန်းဖြစ်ရမည်ဟူသော Global Technology Company ၏ vision မျှော်မှန်းချက်နှင့်အညီ ကုမ္ပဏီ၏ ဖွ့ံဖြိုးတိုးတက်လာမှုသည် အဓိက အထောက်အကူပြု လျက် ရှိသည်တို့မှာ TMT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းအပြင် ၊ လုပ်ငန်းလုပ်ဆောင်ခွင့်လိုင်စင် ရရှိထားခြင်း ၊ အတွေ့အကြုံရင့်ကျက်သော အုပ်ချုပ်မှုအဖွဲ့က စီမံဆောင်ရွက်နေခြင်း၊ အမျှော်အမြင်ရှိသော လုပ်ငန်းပူးတွဲ တည်ထောင်သူများက ဗဟိုချက်မကြီးများသဖွယ် IT နည်းပညာနယ်ပယ်တွင် နှစ်ပေါင်း (၂၀) ခန့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်း စွမ်းရည်ပြည့်ဝသော ပျမ်းမျှလုပ်သက် (၁၅) နှစ် ရှိပြီဖြစ်သည့် အလုပ်အမှုဆောင်အဖွဲ့က ကြီးကြပ်ဆောင်ရွက်နေခြင်း တို့ကြောင့် ဖြစ်သည်။ Global Technology ၏ ရုံးချုပ်သည် ရန်ကုန်မြို့တွင် အခြေစိုက်လျက်၊ မြန်မာနိုင်ငံတစ်ဝှမ်း လုံးတွင် ရုံးခွဲပေါင်းများစွာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
https://www.5bb.com.mm/ShowInformation/ExpressWifi တွင် ဝင်ရောက်လေ့လာကြည့် ရှုနိုင်ပါသည်။

5BB BROADBAND EMPOWERS COMMUNITIES WITH GAME CHANGING FAST, AFFORDABLE INTERNET USING EXPRESS WI-FI BY FACEBOOK CONNECTIVITY

5BB Broadband’s Express Wi-Fi, powered by Facebook Connectivity’s Express Wi-Fi Platform, provides Fast, Affordable, and Reliable Internet Access to Citizens: When and Where People Need It Most.

Yangon, Myanmar, 16th December 2020 – 5BB Broadband, fastest Internet Award Winning Consumer Broadband Business of Global Technology Group, is partnering with Facebook Connectivity to break down barriers to connectivity with new technologies. Through this partnership, 5BB Broadband will use Facebook Connectivity’s Express Wi-Fi platform to deliver fast and affordable Wi-Fi to its customers across Myanmar. This initiative aims to provide high-quality network services to underserved areas that have not had internet access due to lack of infrastructure and high costs. Bringing Express Wi-Fi to Myanmar enables the provision of fast, affordable and reliable Wi-Fi and aligns with our mission to connect our people to affordable internet for education, jobs, healthcare and more.

Connectivity is at the heart of Facebook’s mission of giving people the power to build community and bring the world close together. High quality internet connectivity not only gives people a voice, but also creates opportunities to share knowledge that can strengthen both local communities and global economies. Facebook Express Wi-Fi is a platform that will enable 5BB Broadband to build, operate, grow, and monetize internet access over Wi-Fi in a sustainable and scalable way in Myanmar.

As a market leader in Myanmar, our suite of ICT solutions is backed up by an extensive data network and infrastructure that spans across key business cities and markets in Myanmar. We also have 11 offices in four countries worldwide. Using the Group’s unique assets such as the scale of its regional customer base, payment mechanisms, extensive customer touch points, it aims to create and seize opportunities that add value to the offerings of the core business, while helping customers discover new and amazing experiences through digital services.

This partnership will benefit Micro SME businesses as well as to the local entrepreneurs who want to join hand in hand with 5BB Broadband. Founders of 5BB Broadband assure that this technology and initiatives will bring tremendous opportunities not only to the local businesses which locate across the country but also to the IT professionals/entrepreneurs as well as to the youth and society.

“Affordable, high-quality internet is an essential ingredient to ensuring access to jobs, education, healthcare and more,” said Tom Chottayil Varghese, Head of Connectivity and Access Policy (APAC), Facebook. “Through our Express Wi-Fi platform with 5BB Broadband, its will be able to bring internet connectivity and its benefits to more people in Myanmar. We look forward to growing our partnerships in Myanmar to offer fast and affordable Wi-Fi to many more communities across the country in a sustainable manner.”

Co-founder and Chief Executive Officer of 5BB Broadband, Thein Than Toe said the ‘carrier-grade WIFI’ will help close the digital divide and ensure all of the communities are not isolated. In line with the vision of our company, it is the duty of 5BB Broadband to get people more connected with affordable internet, leaving no one behind. ‘5BB Broadband Express WIFI by Facebook Connectivity’ has been designed to provide good connectivity to people in Myanmar. Creating innovative, high speed internet solutions for dense urban and suburban environments. This world class technology will solve the challenge of under-connected urban and suburban areas where existing infrastructure limits access to high-quality internet.

This Facebook Connectivity and 5BB Broadband partnership will bring cutting edge Wi-Fi technology to Myanmar. We are empowering communities with game changing fast affordable internet access. Our vision is to provide computing power of fortune 500 to the workers from the Coffee Shop in Myanmar. We connect more people to bring closer, that is one of our passion and we are continue to do that no matter what” said by Shane Thu Aung Co-founder and Chairman of the company.

5BB Broadband Express WIFI by Facebook Connectivity to connect Myanmar to the world in better way. We are so glad to provide this brand-new technology to Myanmar. What a great milestone for Myanmar, for the people and for our organization” said by Min Swe Hlaing, Co-founder and Managing Director of the company.

Launched in 2017, 5BB Broadband’s core technologies include fiber and 4G/LTE. The service provider is committed to offer a reliable, stable and fast service, with the largest FTTH (Fiber to the home) in Myanmar, an enhanced network that covers 6 million people and 1.2 million households across the country, including Yangon, Mandalay, Bago, Pyay and Mawlamyine. Its 4G/LTE network is also available in Mawlamyine, Bago, Pyay and Hpa-an and Magway, covering 25 million people and 5 million households.

About Facebook Connectivity


Connectivity is at the heart of Facebook’s mission to give people the power to build community and bring the world closer together. Critical to this mission is high-quality internet access, which gives people a voice and creates opportunities to share knowledge that can strengthen local communities and global economies. Facebook Connectivity works closely with partners including mobile network operators, equipment manufacturers and more to develop programs and technologies—including Express WiFi, Magma, and Terragraph—that increase the availability, affordability and awareness of high-quality internet access, bringing more people online to a faster internet.
To learn more, visit: https://connectivity.fb.com

About the Global Technology Group Limited


5BB Broadband (Global Technology Company) is a leading player in Myanmar’s telecommunications, media and technology industry founded in 2002. Global Technology is at the core of Myanmar’s TMT ecosystem and will continue to remain a strong player in the future, given its strong infrastructure Backbone.
Global Technology clear vision as a digital leader in Myanmar, the growth is underpinned by a rapidly developing TMT sector, a full suite of operating licenses and a well-experienced management team led by visionary co-founders that have played a pivotal role in advancing the technology industry with more than 20 years of TMT and ICT industry experience, supported by a skilled executive team, with an average tenure of over 15 years .Headquartered in Yangon, Myanmar, Global Technology operates sales and support offices nationwide.
To learn more, please visit https://www.5bb.com.mm/ShowInformation/ExpressWifi တွင် ဝင်ရောက်လေ့လာကြည့် ရှုနိုင်ပါသည်။

Share On

    Warning: Array to string conversion in /www/wwwroot/globaltechgroup.com.mm/wp-content/themes/gtg/functions.php on line 191
    Array