အင်းယားစင်တာသို့ မြန်နှုန်းမြင့် Fiber Internet 100Mbps (၂) လိုင်း လှူဒါန်းခြင်း

အင်းယားစင်တာသို့ မြန်နှုန်းမြင့် Fiber Internet 100Mbps (၂) လိုင်း လှူဒါန်းခြင်း

အင်းယားစင်တာ (COVID-19 ရောဂါကုသရေးဌာန၊ မရမ်းကုန်း) တွင် 5BB Broadband (Global Technology Company) မှ Covid 19 ထိန်းချုပ် ကာကွယ် ကုသရေး အလှူအဖြစ် မြန်နှုန်းမြင့် Fiber Internet 100 Mbps (၂) လိုင်း ကို ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများမှ လူနာများနှင့် အဆင်မြင့် ဆက်သွယ်မှု စနစ်များချိတ်ဆက်ရာတွင် အသုံးပြုနိုင်ရန်အတွက် တပ်ဆင်လှူဒါန်းပေးထားပါသည်။ ကနဦးလှူဒါန်းမှုမှာ ကျပ် သိန်း (၁၀၀) ဖြစ်ပြီး လိုအပ်ပါကလည်း မြန်နှုန်းများထပ်မံတိုးမြှင့် လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။ 5BB Broadband (Global Technology Company) သည် Covid-19 ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြေငြာချက်များအတိုင်း လိုက်နာပြီး အစိုးရဌာန အဖွဲ့အစည်းများ၊ Covid ကာကွယ် ကုသရေးနှင့် ထိန်းချုပ်ရေး စင်တာမျာ၊ အများပြည်သူများ Stay Home ကာလအတွင်း ဆက်သွယ်မှုများ လုပ်ငန်းများ ပြတ်တောက်မှု မရှိစေရန်အတွက် အထူးအလေးထား၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကိုဗစ်-19 ရောဂါ ကုသရေးအတွက် ကုတင် (၅၀၀) ပါဝင်သည့် အင်းယားစင်တာကို အောက်တိုဘာ လ (၁၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လာရောက် ဖွင့်လှစ်ပြီး စတင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ ဤအလှူသည် #GlobalNet / #5BB ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ နှင့် မိမိတို့ Service သုံးစွဲသူ Customers အပေါင်း တို့ရဲ့ စုပေါင်းအလှူလေးဖြစ်ပါကြောင်းကိုလည်း သာဓုခေါ်ဆိုနိုင်ရန် အသိပေးကြေငြာအပ်ပါတယ်ရှင့်။ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာ၍ ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ ??? ??Covid Can’t Kill Our Spirit…..you #stayhome we #workforyou #InyaCentre #5BBBroadband

Share On

    Warning: Array to string conversion in /www/wwwroot/globaltechgroup.com.mm/wp-content/themes/gtg/functions.php on line 191
    Array