GLOBAL TECHNOLOGY GROUP RECEIVED MYANMAR EMPLOYER AWARDS IN 5 CATEGORIES

GLOBAL TECHNOLOGY GROUP RECEIVED MYANMAR EMPLOYER AWARDS IN 5 CATEGORIES

၂၀၂၀ ခုနှစ် မြန်မာနိုင်ငံလုပ်ငန်းရှင်များအတွက် ချီးမြှင့်ပေးအပ်သော အခမ်းအနားတွင် GLOBAL TECHNOLOGY GROUP မှ ကဏ္ဍ (၅) ခုတွင် ဆုများ လက်ခံရရှိ

“Global Technology Group သည် ၎င်းတို့၏ အထူးချွန်ဆုံး လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ လူမှုအကျိုးပြုဆိုင်ရာ အကောင်းဆုံး ဆောင်ရွက်ချက်များကြောင့် အသိအမှတ်ပြု ရွေးချယ်ချီးမြှင့်ခံရတာဖြစ်ပြီး၊ တက်ကြွမှုစွမ်းရည် ပြည့်ဝသော ဒီဂျစ်တယ် နည်းပညာသုံး လူ့စွမ်းအား အရင်းအမြစ်ဝန်းကျင်အဖြစ် ရပ်တည်ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။”

ရန်ကုန်၊ မြန်မာ၊ ဒီဇင်ဘာလ (၁၄) ရက် ၂၀၂၀ ခုနှစ်။ ။Global Technology Group (GTG) သည် နိုင်ငံ့ဦးဆောင် နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆန်းသစ် တီထွင်ဖန်တီးနိုင်စွမ်းရှိသော ထိပ်တန်းလုပ်ငန်းစု တစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံလုပ်ငန်းရှင်များအား ရွေးချယ်ချီးမြှင့်ပေးအပ်သော အခမ်းအနားတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုအကျိုးပြု ဆိုင်ရာ ကဏ္ဍ (၅) ခုအတွက် အောက်ပါဆုများကို လက်ခံရရှိခဲ့ပါသည်။

  1. 2020 Most Innovative Use Of Technology In HR (Gold Award)
  2. 2020 Best Learning and Development Program Award(Gold Award)
  3. 2020 Most Effective Recruitment Strategy for Talent Attraction (Silver Award)
  4. 2020 Best Use of Internal Marketing for Company Pride (Silver Award)
  5. 2020 Best CSR and Community Engagement (Bronze Award)

Myanmar Employee Awards (MEA) 2020 တွင် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း (၉၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Global Technology Group (GTG) သည် ကဏ္ဍ (၅) ခုတွင် ရွှေတံဆိပ် (၂) ဆု၊ ငွေတံဆိပ် (၂) ဆု နှင့် ကြေးတံဆိပ် (၁) အသီးသီးရရှိခဲ့သည်။ ထိုဆုပေးပွဲသည် ပြည်တွင်းနှင့် နိုင်ငံတကာ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ၌ ကျွမ်းကျင် ပညာရှင် (၂၄) ဦးမှ လွတ်လပ်စွာ အကဲဖြတ် စီစစ် ရွေးချယ်ပေးခဲ့သည်။

Global Technology Group (GTG) တွင် ဝန်ထမ်းပေါင်း (၅၄၀) ကျော်လုပ်ကိုင်လျက်ရှိပြီး အလုပ်အကိုင်အခွင့်အရေးသစ်များ လည်း ဆက်လက်ဖန်တီးပေးလျှက်ရှိသည်။ ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ကပ်ရောဂါကာလ၌ပင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် အရည်အချင်းရှိပညာရှင်များကိုလည်း Smart Onboarding System ဖြင့် ခေါ်ယူနေဆဲဖြစ်သည်။ စျေးကွက်လိုအပ်ချက်များအရ လုပ်ငန်းများတိုးချဲ့လျက် ရှိပြီး၊ မြန်နှုန်းမြင့်အင်တာနက်နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများကိုလည်း သုံးစွဲသူများကို အကောင်းဆုံး ဖြစ်အောင် ပိုမိုအဆင်ပြေအောင်အမြဲတမ်း ဖြည့်ဆည်းပေးလျက်ရှိပါသည်။ တာဝန်ယူမှုရှိသော အဖွဲ့အစည်း အဖြစ် အမြဲရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်နေသည့်အပြင် COVID-19 ကာကွယ်ကုသရေးနှင့် ကူညီမှု ဆိုင်ရာ လူမှုရေးလုပ်ငန်းများတွင်လည်း တက်ကြွနိုးကြားစွာ ပါဝင်ဆောင်ရွက်ပေးနေခြင်း စသည့် ထူးခြားထင်ရှားသော လုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံ လုပ်ငန်းရှင်များအတွက် အသိအမှတ်ပြုသော ဆုများကို ရရှိခဲ့ခြင်းဖြစ်ပါသည်။


“ကျွန်ုပ်တို့၏ အောင်မြင်မှုများသည် ကျွန်ုပ်တို့၏ HR ထူးချွန်မှု၊ အကောင်းဆုံး အလေ့အကျင့်များ ပေးနိုင်မှု၊ အရည်အချင်း ပြည့်ဝသော စီမံခန့်ခွဲမှုများ ကြောင့်ရရှိခဲ့ခြင်းဖြစ်သလို ဆန်းသစ်တီထွင်မှု၊ လေ့လာသင်ယူမှု၊ သွက်လက်လျှင်မြန်မှုစတဲ့ အဖွဲ့အစည်းရဲ့ ရပ်တည်မှု၊ ယဉ်ကျေးမှုများကိုလည်း ထင်ဟပ်စေတယ်။ ထို့အပြင် ကျွန်ုပ်တို့ကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီများ အနက် အကောင်းဆုံး HR စနစ်ကို ကျင်သုံး ဆောင်ရွက်နေသော ခိုင်မာသည့် လုပ်ငန်းအဖွဲ့အစည်းအဖြစ် ပိုမိုထင်ရှားပေါ်လွင် စေပါတယ်” ဟု Global Technology Group ၏ Co-Founder နှင့် Managing Director ဖြစ်သည့် ဦးမင်းဆွေလှိုင်မှ ပြောကြားခဲ့သည်။ “နောင်တွင်လည်း စက်မှုလုပ်ငန်းနယ်ပယ် (4.0) မှာ အသင့်ဖြစ်စေဖို့ ဒီဂျစ်တယ် HR ဂေဟစနစ်ကို ပြောင်းလဲဖော်ဆောင်ပြီး ထောင်ပေါင်းများစွာသော အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမို ဖန်တီးပေးနိုင်အောင် ကြိုးစားသွားပါမည်” ဟု ထပ်မံပြောကြားခဲ့သည်။


“လူတွေက ကျွန်ုပ်တို့ရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်မှု၊ မိမိတို့ လုပ်ကိုင်နေသည့် နယ်ပယ်တွင် တီထွင်ဖန်တီနိုင်စွမ်းပိုမိုရရှိမှု၊ အလုပ်နှင့် လူမှုဘဝ ဟန်ချက်ညီညီရှိမှု အစရှိတဲ့ အချက်တွေနဲ့ လုပ်ငန်းခွင်အတွင်း ဖွံ့ဖြိုးတိုးတက်အောင်၊ ပိုမိုဖန်တီးနိုင်အောင် ကျွန်ုပ်တို့အဓိက လုပ်ဆောင် သည်” ဟု Global Technology Group ရဲ့ Co-Founder နဲ့ Chief Executive Officer ဖြစ်သူ ဦးသိန်းသန်းတိုးမှ ပြောကြားခဲ့သည်။ “Customer 4.0 မှာ အားသာချက်ရရှိအောင် ကျွန်ုပ်တို့ရဲ့ HR စနစ်သည် မြင့်မားသော စွမ်အားနှင့် အရင်းအမြစ် ပြည့်စုံသော အဖွဲ့အစည်းအဖြစ် လေ့ကျင့်ပျိုးထောင်ပေးပါတယ်” လို့ ရှင်းလင်း ပြောကြားခဲ့သည်။

“နည်းပညာကုမ္ပဏီကြီးတစ်ခုအနေနဲ့ လုပ်ငန်းခွင်အတွင်း တိုးတက်သော နည်းပညာနှင့် Digital Tools များအား အသုံးပြုခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးပြီး လုပ်ငန်းခွင်အတွင်း ပိုမိုတက်ကြွစွာ ပါဝင်လှုပ်ရှားလာမှုကြောင့် သုံးစွဲသူများထံသို့ အကောင်းဆုံးဝန်ဆောင်မှုများ ပေးနိုင်ခြင်း ဖြစ်သည်” ဟု Global Technology Group ၏ Co-Founder နှင့် Chairman ဖြစ်သူ ဦးရှိန်းသူအောင်က ပြောကြားခဲ့သည်။ “ထိုကဲ့သို့ သော ဆန်းသစ်တီထွင်မှုနှင့် အသစ်အသစ်များကို တက်ကြွစွာ လေ့လာမှုများက ကျွန်ုပ်တို့အဖွဲ့အစည်းရဲ့ အောင်မြင်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကဖြစ်တယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။


Global Technology Group အကြောင်း

Global Technology Group သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး၊ မီဒီယာနှင့် နည်းကပညာကဏ္ဍ များတွင် ဦးဆောင်နေသော အဖွဲ့အစည်းဖြစ်ပြီး ငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကူသန်းရောင်း၀ယ် ဖြန့်ဖြူးရေးလုပ်ငန်း၊ ပညာရေး နှင့် ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ရှိပါသည်။

Global Technology Group သည် “ကျွန်ုပ်တို့၏ပြည်သူများအတွက် ဘ၀အရည်အသွေးရှိစေမည့် ဆန်းသစ်တီထွင်မှုနှင့် စွမ်းအင်ပြည့်၀သောအဖွဲ့အစည်းအဖြစ်ရေရှည်ထိန်းသိမ်းရန်” စသည့် ရှေ့မျော်မှန်းချက် များဖြင့် ရပ်တည်လျှက်ရှိပြီး ဆန်းသစ်တီထွင်မှု၊ လေ့လာသင်ယူမှု၊ သွက်လက်လျင်မြန်မှုများကို လက်ခံကျင့်သုံးဆောင်ရွက် နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။


Global Technology Group သည် အနှစ် (၂၀) ကျော်လုပ်ငန်းအတွေ့အကြုံများနှင့်အတူ အတွေ့အကြုံရင့်ကျက်သော Management Team နှင့် အရည်အချင်းရှိသော၊ အမြော်အမြင်ရှိသော ပူးတွဲတည်ထောင်သူများမှ ဦးဆောင်ကာ နည်းပညာနယ်ပယ်တိုးတက်မှုတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်ခဲ့ပြီး လုပ်ငန်းအတွင်း လိုအပ်သော သင်တန်းများ ပံ့ပိုးပေးခြင်းနှင့် သင်ကြားနည်းပြခြင်းများပြုလုပ်လျက်ရှိသည်။

MEA အကြောင်း

Myanmar Employee Awards (MEA) သည် JobNet.com.mm မှ ဦးစီးကျင်းပသော အခမ်းအနားဖြစ်ပြီး ယခုနှစ် MEA 2020 သည် (၄) ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။ Myanmar Employee Awards သည် ပြည်တွင်းနှင့် နိုင်ငံတကာလုပ်ငန်းရှင်များအတွက် အောက်ပါမျှော်မှန်းချက်များဖြင့် ဖိတ်ခေါ် ဆောင်ရွက်ခဲ့သည်။

  • မြန်မာနိုင်ငံရှိ HR နှင့် အရည်အချင်းစီမံခန့်ခွဲမှုဆိုင်ရာတွင် အကောင်းဆုံး အလေ့အကျင့်များမှတဆင့် လုပ်ငန်းရှင်များ၏ ထူးချွန်မှုကို အသိအမှတ်ပြုသော စံတစ်ခုဖြစ်လာစေရန်။
  • လုပ်ငန်းရှင်များအတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော အလေ့အကျင့်များဖြင့် HR ကို အကောင်အထည်ဖော်ရာတွင် ပိုမိုကောင်းမွန်သော ပလက်ဖောင်းတစ်ခုပေးနိုင်ရန်။

Myanmar Employer Awards အတွက် Human Resource (၇) ဆု နှင့် လူမှုအကျိုးပြုဆိုင်ရာ အထူးဆု (၂) ဆု ရွေးချယ်ချီးမြှင့်ပေးအပ်မည်ဖြစ်ရာ ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများမှ လျှောက်လွှာပေါင်း (၉၀) ကျော်ကို လက်ခံရရှိခဲ့ပြီး၊ ယင်းအနက် ကုမ္ပဏီ (၂၇) ခုကို ပထမအဆင့် ရွေးချယ်ခဲ့ ပြီး၊ ဒီဇင်ဘာလ (၁၁)ရက်၊ (၂၀၂၀) ခုနှစ်တွင် Virtual Award အခမ်းအနားဖြင့် ဆုရရှိသူများကို ကြေငြာခဲ့ပြီး ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

GLOBAL TECHNOLOGY GROUP RECEIVED MYANMAR EMPLOYER AWARDS IN 5 CATEGORIES

“Global Technology Group recognized for their excellence of HR practices and social contribution in Myanmar, encouraging people communication and people development for dynamic capability and digital HR Ecosystem.”

YANGON, Myanmar, 14th December 2020– Global Technology Group (GTG ), Myanmar’s flagship of innovation and creativity, and leading conglomerate business group , today receives Myanmar Employer Award(MEA) 2020 in five categories of HR best practices and social recognition awards as;

  1. 2020 Most Innovative Use Of Technology In HR (Gold Award)
  2. 2020 Best Learning and Development Program Award(Gold Award)
  3. 2020 Most Effective Recruitment Strategy for Talent Attraction (Silver Award)
  4. 2020 Best Use of Internal Marketing for Company Pride (Silver Award)
  5. 2020 Best CSR and Community Engagement (Bronze Award)

These awards are achieved by highly competition with over 90 companies including local and international companies. A panel of 24 independent judges from national and international HR leaders made assessment and determined the Winners of MEA2020.
To date, over 540 employees are working at GTG and still creating new job opportunities via smart onboarding system for the talented persons of respective industry as of its business expansion and fulfill the high market demand of broadband internet and digital solutions in this Pandemic. GTG is ever trying to provide the best of their service for its customers and also for employees with the key talent attraction and internal marketing program. And always keep standing as a responsible organization by actively contributing in Covid19 aid and overcoming program, and CSR commitment to the local community. Because of its remarkable activities, excellent practices and heartiest contributions recognized these achievements, MEA Awards.


“Our achievements represent our HR excellences and best practices, talent management and organizational culture – embracing innovative and learning culture, and agility. Also convince that we are standing as best HR – people communication, and management – among the local companies and sound employer branding in Myanmar”, said by U Min Swe Hlaing , Co-Founder and Managing Director of Global Technology Group. “ We are committed to creating thousands of job opportunity and job security being transformed of digital HR ecosystem readiness for industrial 4.0”.
“People are our greatest assets. We care and provide value creation such as work friendship environment and work life balance as high performer seeking mostly for job flexibility, happiness and career development opportunity” expressed by U Thein Than Toe, Co-Founder and Chief Executive Officer at Global Technology Group. “ Our HR system equip them as HERO – Highly Empowered and Resourceful Organization to be ready for Customer 4.0” that differentiate us in the market.

“As for the largest tech titan company, enhancing productivity and talent, dynamic capability by used of advance technology and digital tools in the workplace is the major driver for our first mover advantages and continuous improvement in our service creation and delivering it beyond the customer satisfaction” revealed by U Shane Thu Aung, Co- Founder and Charmin at Global Technology. Such encouraging and cultivation of innovation and learning culture is our organization’s success and sustainable development”.

About Global Technology Group:
Global Technology Group (GTG ) is a leading business group in Myanmar doing diversified businesses including telecommunications, media and technology “TMT”, Financial Services, Real-estate, Trading, Education and Healthcare, founded in 2002.
Global Technology Group with sound vision – to sustain an energetic and innovative business bringing quality of life to our people.
Global Technology Group adapts and cultivate Agile, Innovative and Learning culture for personal improvement and dynamic capability for continuous development.
Global Technology Group is growing under a well-experienced management team led by visionary co-founders that have played a pivotal role in advancing the technology industry with more than 20 years’ experience, supported by a skilled executive team with unique leadership style embrace entrepreneurship sprit, coaching and innovative learning culture in an evolving workforce and supporting technology in HR.

About MEA :
Myanmar Employer Awards, powered by JobNet.com.mm, is hosted as 4th Edition in 2020. Myanmar Employer Awards open the opportunity for all local and international employers with vision and mission;

  • To become the undisputed gold standard for recognizing employer excellence through HR and talent management best practices in Myanmar.
  • To provide employers a platform that strives towards raising the bar in innovating & implementing effective HR best practices.
Share On

    Warning: Array to string conversion in /www/wwwroot/globaltechgroup.com.mm/wp-content/themes/gtg/functions.php on line 191
    Array